Website Service

website လွှင့်တင်ခြင်း

website လွှင့်တင်ခြင်း ဆိုသည်မှာ လူကြီးမင်း၏ websiteကို အင်တာနက် ရသော မည်သည့် နိုင်ငံ၊ မည်သည့်နေရာက မဆို ကြည့်ရှုနိုင်စေရန် အင်တာနက် ပေါ်သို့ တင်ပေးခြင်း ဖြစ်ပါသည်။

Launching a website

Launching a website is that every person of every country in every place where there is internet can look that website.

website တစ်ခု ပြုလုပ်ရာတွင် ကြာမြင့်သည့်အချိန်

website တစ်ခု ပြုလုပ်ရန်အတွက် စုစုပေါင်းကြာမြင့်ချိန်မှာ ၂ ပတ် ဖြစ်ပါသည်။

Time needed to build a website

It takes 2 weeks for a website.

website တစ်ခု ပြုလုပ်ရန်အတွက် ငွေပေးချေခြင်း

လူကြီးမင်းတို့မှ လူကြီးမင်းတို့လုပ်ငန်းအတွက် website ရေးရန် ကျွန်ုပ်ထံသို့ အလုပ်အပ်သည့်နေ့တွင် ကျသင့်ငွေ၏ တ၀က်ကို ပေးချေရမည်ဖြစ်ပြီး ကျန်သည့်တ၀က်ကို အလုပ်အပ်သည့်နေ့မှ ၂ ပတ်မြောက်နေ့တွင် ပေးချေရမည်ဖြစ်ပါသည်။

Time needed to build a website

It takes 2 weeks for a website.

Payment for a website

The half of the price is needed to pay at the starting day of the website. In 2 weeks from the starting day of the website, you need to pay the left.

website တစ်ခုအတွက် ၀န်ဆောင်မှုများ

(၁) လူကြီးမင်းတို့လုပ်ငန်းအတွက် website ပြုလုပ်ရန် လူကြီးမင်းတို့စိတ်ကြိုက် website နာမည်များကို ရွေးချယ်နိုင်ပါသည်။
(၂) website တစ်ခု ပြုလုပ်သည့်အခါ လူကြီးမင်းတို့လုပ်ငန်းနာမည်ဖြင့် .com, .net, .org စသည့် နာမည်များကို ရရှိပါမည်။
(၃) လူကြီးမင်းတို့၏ website တွင် ပါဝင်သည့် အကြောင်းအရာများကို ပြင်ဆင်လိုသည့်အခါ ပြင်ဆင်လိုသည့် ပုံ၊ စာ စသည်များကို ကျွန်ုပ်ထံသို့ အီးမေးလ်ပို့ပေးခြင်းဖြင့် ပြင်ဆင်ပေးပါသည်။ ကျွန်ုပ်၏ အီးမေးလ်မှာ admin@yangonpower.com ဖြစ်ပါသည်။
(၄) လူကြီးမင်း website အတွက် လိုအပ်သော website maintainence service, server maintainence service, database service, update service, email server service and security service အစရှိသည့် ၀န်ဆောင်မှုများအား တာဝန်ယူပြုလုပ်ပေးပါမည်။

Services for a website

(1) You can choose your desired domain name for your website.
(2) You can choose a website name with .com, .net, .org names.
(3) Information on your website to insert send direct by email to me. My email is admin@yangonpower.com
(4) I will give you the services such as website maintainence service, server maintainence service, database service, update service, email server service and security service.

website ပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်များ

(၁) လူကြီးမင်းတို့လုပ်ငန်း၏ website တွင် ထည့်သွင်းလိုသည့် အကြောင်းအရာများ၊ ပုံများ၊ လုပ်ငန်း logo၊ လုပ်ငန်းလိပ်စာ၊ ဖုန်းနံပါတ် စသည့် အချက်အလက်များကို soft files ဖြင့် လူကြီးမင်းတို့မှ ကျွန်ုပ်ကို ပေးရပါမည်။ (အချက်အလက်များပေးရာတွင် လိုအပ်သည်များရှိပါကလည်း website ပြုလုပ်ပြီးနောက်ပိုင်း ပြန်လည်ပြင်ဆင်လိုပါကလည်း ပြင်ဆင်ပေးပါသည်။)
* Product အားလုံးကို လူကြီးမင်းတို့မှ admin panel အသုံးပြု၍ ကိုယ်တိုင် ထည့်သွင်းနိုင်ပါသည်။ကိုယ်တိုင်ထည့်သွင်းရန် အဆင်မပြေပါကလည်း ကျွန်ုပ်မှ ထည့်သွင်းပေးပါသည်။*

Points needed for a website

(1) You have to give Images, Business logo, Business address, Phone number, any other information you want to insert in your website by soft files.
* You could insert your product data yourself from admin panel. *

website ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

(၁) လူကြီးမင်းတို့၏ လုပ်ငန်းများအား ယနေ့ အင်တာနက်ခေတ်တွင် websites များကို ၀င်ရောက်ကြည့်ရှုနိုင်ခြင်းအားဖြင့် အချိန်ကုန်သက်သာပြီး information အပြည့်အစုံကို customers များကို သိရှိစေနိုင်ပါသည်။
(၂) အင်တာနက် website သည် အကြီးမားဆုံး အတားအဆီး ဖြစ်သော နယ်မြေ ကွာခြားမှုကို ကျော်လွန်နိုင်ပြီး website ရှိခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းသည် ပိတ်ချိန်မရှိ ၂၄ နာရီ တစ်ပတ် ၃၆၅ ရက် လုံးလုံး လူကြီးမင်း၏ ဝယ်ယူသူများသည် မည်သည့်နိုင်ငံကမဆို အင်တာနက်ရှိပါက လူကြီးမင်း၏ ကုန်ပစ္စည်းများကို ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သည်။ ဆိုလိုသည်မှာ အမျိုးသား ရုံးပိတ်ရက်များတွင် ယနေ့ရုံးပိတ်သည် ဆိုသော စာသား အစား "သိလိုသော အချက်များအတွက် အချိန်မရွေး၊ နေရာမရွေး အောက်ပါ websiteသို့ ဝင်ရောက်လေ့လာပါ" ဆိုသော စာသားနဲ့ မိမိ၏ websiteလိပ်စာကို ထည့်ပေးခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းမှာ အချိန်ပြည့် လည်ပတ်နိုင်မည်ဖြစ်ပြီး၊ ဝယ်ယူသူများကို ဆုံးရှုံးခြင်းမှလည်း ကင်းဝေးစေပါသည်။
(၃) လူကြီးမင်းတို့၏ လုပ်ငန်းများကို သတင်းစာ၊ ဂျာနယ်၊ စာစောင်များတွင် ကြော်ငြာပါက customers များကို သတင်းအချက်အလက်ကို နေရာကန့်သတ်ချက်ဖြင့်သာ ဖော်ပြနိုင်ပြီး website ပြုလုပ်ထားခြင်းဖြင့် ယင်းသတင်းစာ၊ ဂျာနယ်၊ စာစောင် ကြော်ငြာများတွင် ထည့်ကြော်ငြာသည့်အခါတွင် website link ကိုပေးခြင်းဖြင့် အသေးစိတ် အချက်အလက်များကို လူကြီးမင်းတို့၏ customers များ အလွယ်တကူ ၀င်ရောက်ကြည့်ရှုနိုင်ပြီး လူကြီးမင်းတို့လုပ်ငန်း ၀န်ဆောင်မှုဖော်ပြချက်များကို ပိုမိုရှင်းလင်းစွာ သိရှိနားလည်သဘောပေါက်စေနိုင်ပါသည်။
(၄) အချိန်သည် တန်ဖိုးကြီးလာသည်နှင့်အမျှ လူသားတို့သည်လည်း ကိုယ်ပိုင်အချိန်များကို ရင်းနှီးမြုပ်နှံရင်း လူတိုင်းအတွက် အချိန်သည် အရှားပါးဆုံး ဖြစ်လာခဲ့သည်။ မနက်မိုးလင်း မျက်နှာသစ်သည်မှစ၍ ည အိပ်ရာဝင်သည်အထိ အချိန်ကို ချွေတာကြသည်။ အချိန်နှင့်အတူ ငွေကိုလည်း ချွေတာလာကြသည်။ ထို့ကြောင့် ကုန်ပစ္စည်း လေ့လာခြင်း၊ ဆက်သွယ်ခြင်း၊ လိုအပ်သည်များရယူခြင်း/ပေးပို့ခြင်း၊ မိတ်ဖွဲ့ခြင်း၊ ဈေးကွက်ရှာခြင်း စသည် စသည်တို့ကို ငွေကုန်သက်သာပြီး အချိန် ငါးမိနစ်မှ ဆယ်မိနစ်အတွင်း ပြီးစီးနိုင်သည့် အင်တာနက်မှတစ်ဆင့်၊ website များမှ တစ်ဆင့် ဆောင်ရွက်လာကြသည်။ ထို့ကြောင့် လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ ရရှိနိုင်မည့် အခွင့်အလမ်းများ မဆုံးရှုံးရလေအောင် အင်တာနက်တွင် မိမိတို့ ကိုယ်ပိုင် website တစ်ခု ရှိထားရန်မှာ လိုအပ်သလို အရေးလည်း ကြီးပါသည်။ ထို့အပြင် website ရှိထားသော လုပ်ငန်းတစ်ခုကို စားသုံးသူနှင့် အခြားလုပ်ငန်းတစ်ခုမှ ခေတ်ရေစီးကြောင်းကို အမီလိုက်နိုင်သော လုပ်ငန်းအဖြင့် အထင်ကြီး လေးစားခြင်း၊ ထိုလေးစားခြင်းကြောင့် ပိုမိုယုံကြည်ခြင်း၊ ထိုယုံကြည်ခြင်းကြောင့် အကျိုးတူလုပ်ကိုင်ရာတွင် ပိုမို အဆင်ပြေ ချောမွေ့ခြင်း၊ စသည့် ကောင်းကျိုးများလည်း ရရှိနိုင်ပါသေးသည်။
(၅) မိမိ website အတွင်းရှိ အကြောင်းအရာများကိုလည်း လွယ်ကူစွာ ပြင်နိုင်၊ ပြောင်းလဲနိုင်ပါသည်။
(၆) လူကြီးမင်းတို့၏ လုပ်ငန်းအတွက် website ပြုလုပ်ခြင်းဖြင့် ယနေ့အင်တာနက်ခေတ်တွင် လူကြီးမင်းတို့၏လုပ်ငန်းအား ပိုမိုခန့်ညားစေပါသည်။

မှတ်ချက်။ ။မည်သည့်အကြောင်းကြောင့်မှ ငွေပြန်အမ်းမည် မဟုတ်ပါ။

Advantages of a website

(1) All customers can know all information from a website easily and time-savingly.
(2) Your Personal/ Business Website does not have holiday and closing time. Every people can visit your website at any time and any place.
(3) If you advertise your business in newspaper, journal and magazine, it has small space to describe your business. In the website, there are many pages to show your business products and services. In the newspaper, journal and magazine, you insert your website link when you advertise.
(4) Time is valuable. People who want to know your products need to come to your shop. But if there is a website, he or she can look all products and services without going to your shop. At your side, you can have many customers with the time.
(5) You can change easily your products, services and contact information in your website at any time.
(6) Your website will decorate to your business.

*I insert the sample data within the project period. You could insert the data from the admin panel yourself.*

Remark => Any reason will not be refunded.

Freelance Web Service
(+95) 09795255283

Google First Page Service

google first page, baidu first page, yahoo first page အစရှိသည့် search engine first page ပြုလုပ်ရန်အတွက် ငွေပေးချေခြင်း

လူကြီးမင်းတို့မှ လူကြီးမင်းတို့လုပ်ငန်း၏ website ကို google first page, baidu first page, yahoo first page အစရှိသည့် search engine first page တွင် ရောက်ရှိရန် ကျွန်ုပ်ထံသို့ အလုပ်အပ်သည့်နေ့တွင် ကျသင့်ငွေ၏ တ၀က်ကို ပေးချေရမည်ဖြစ်ပြီး ကျန်သည့်တ၀က်ကို လူကြီးမင်းတို့လုပ်ငန်းတို့လုပ်ငန်း၏ website ကို google first page, baidu first page, yahoo first page အစရှိသည့် search engine first page တွင် ရောက်ရှိသည့် နေ့တွင် ပေးချေရမည်ဖြစ်ပါသည်။

Payment

You need to give half of the price at the starting day and give the left at the day which your website is included in the first page of the search engine.

google first page, baidu first page, yahoo first page အစရှိသည့် search engine first page ပြုလုပ်ရန်အတွက် လိုအပ်သည့်အချက်များ

(၁) လူကြီးမင်းတို့လုပ်ငန်းအတွက် website ရှိရပါမည်။ ကျွန်ုပ်ထံတွင်အပ်သော website ဖြစ်ရပါမည်။
(၂) လူကြီးမင်းတို့လုပ်ငန်း၏ website ကို google search engine, baidu search engine, yahoo search engine တွင် users များ အများဆုံးရှာဖွေနိုင်သည့် စကားလုံး ကို ရွေးချယ်ပေးရပါမည်။

Needed facts

(1) You must have a website which is built by me.
(2) You choose one phrase for searching. E.g, "myanmar blasting service"

google first page, baidu first page, yahoo first page အစရှိသည့် search engine first page ပြုလုပ်ရန်အတွက် ကြာမြင့်ချိန်

လူကြီးမင်းတို့လုပ်ငန်း၏ website ကို google first page, baidu first page, yahoo first page အစရှိသည့် search engine first page တွင် ရောက်ရှိရန် စုစုပေါင်းကြာမြင့်ချိန်မှာ ၃ လ ဖြစ်ပါသည်။

Time for first page service

It takes 3 months to include in the first page.

google first page, baidu first page, yahoo first page အစရှိသည့် search engine first page ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

အင်တာနက်သုံးသည့် users များသည် တစ်စုံတစ်ရာကို သိချင်ပြီဆိုပါက အင်တာနက်ပေါ်တွင် search engine များမှ တစ်ဆင့် သိချင်သည်ကို ရှာဖွေလေ့ရှိကြသည်။ မိမိ website၏ လိပ်စာကို လူတိုင်းသိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လူသားတို့ ရှာဖွေရာတွင် မိမိwebsiteကို တွေ့ရှိ၊ သိရှိနိုင်အောင် မိမိ websiteကို search engineများနှင့် ချိတ်ဆက်ထားရသည်။ ထိုကဲ့သို့ ချိတ်ဆက်ထားသော websiteပေါင်းများစွာ ရှိသည့်အနက် မိမိတို့၏ websiteကို အခြား websiteများထက် ရှေးဦးစွာ ဖော်ပြစေရန် ပြုလုပ်ခြင်း search engine first page ပြုလုပ်ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အသုံးအများဆုံးဖြစ်သော search engine မှာ google search engine ဖြစ်ပါသည်။ အင်တာနက်သုံးသည့် users များသည် သူတို့သိချင်သည့် လုပ်ငန်းများကို ရှာဖွေသည့်အခါ google search engine တွင် ရိုက်ပြီး ရှာဖွေကြပါသည်။ ထိုအခါ google search engine မှ users များရိုက်ထည့်လိုက်သော စကားလုံးနှင့် ကိုက်ညီသည့် website များကို စာမျက်နှာများစွာဖြင့် ပြသပေးပါသည်။ လူကြီးမင်းတို့၏ website မှာ မည်သည့်စာမျက်နှာတွင် ဖော်ပြမည်ကို မသိရှိနိုင်ပါ။ users များသည် ရရှိလာသည့် စာမျက်နှာများစွာထဲမှ ပထမစာမျက်နှာတွင်ရှိသော website များကိုသာ အများဆုံး ၀င်ရောက်ကြည့်ရှုကြပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့လုပ်ငန်း၏ website ကို users များ အများဆုံးရှာဖွေနိုင်သည့် စကားလုံးဖြင့် သန်းပေါင်းများစွာသော website များထဲမှ လူကြီးမင်းတို့၏ website ကို အလွယ်တကူ ရှာဖွေနိုင်ရန် ပြုလုပ်ပေးခြင်း google first page တွင် ရောက်ရှိလိုပါက ကျွန်ုပ်မှ ၀န်ဆောင်မှုပေးပါမည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ များစွာသော ရင်းနှီးမြှပ်နှံချင်သူများ နှင့် ကူးသန်းရောင်းဝယ်ချင်သူများသည် သူတို့လိုအပ်သည့် ကုန်ပစ္စည်းများ၊ အိမ်ခြံမြေများ၊ ၀န်ဆောင်မှုများ ၀ယ်ယူရန်အတွက် မြန်မာနိုင်ငံရှိ လူကြီးမင်းတို့၏ လုပ်ငန်းများအကြောင်းရေးထားသည့် websites များကို အင်တာနက်တွင် ရှာဖွေကြည့်ရှုနေကြပါသည်။ နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံချင်သူများနှင့် ကူးသန်းရောင်းဝယ်ချင်သူများသည် လူကြီးမင်းတို့လုပ်ငန်း၏ website names များကို မသိရှိသောကြောင့် သူတို့လိုချင်သည့် အချက်အလက်များကို google search engine တွင် ရိုက်နှိပ်ပြီး ရှာဇွေကြပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့လုပ်ငန်း၏ website ကို users များ အများဆုံးရှာဖွေနိုင်သည့် စကားလုံးဖြင့် google first page တွင် ရောက်ရှိအောင် လုပ်ဆောင်ခြင်းဖြင့် လူကြီးမင်းတို့၏ လုပ်ငန်းကို ပိုမိုတိုးတက်စေပါသည်။ google search engine နာမည်ကြီးသလိုပင် yahoo search engine သည်လည်း အသုံးများပါသည်။ အလားတူပင် တရုတ်ပြည်တွင် နာမည်အကြီးဆုံးဖြစ်သော baidu search engine သည်လည်း အသုံးများပါသည်။

Avantages

Every people use the search engine when they want something because they don't know all website addresses. When they search with one phrase, the search engine shows many pages with many website links. If you take the first page service with one popular phrase, your website will include in the first page. The people can easily find your website. The popular search engines are google, yahoo, msn and baidu.

ငွေပြန်အမ်းခြင်း

လူကြီးမင်းတို့မှ လူကြီးမင်းတို့လုပ်ငန်း၏ website ကို users များ အများဆုံးရှာဖွေနိုင်သည့် စကားစု တစ်ခုဖြင့် google first page, baidu first page, yahoo first page အစရှိသည့် search engine first page တွင် ရောက်ရှိရန် ကျွန်ုပ်ထံသို့ အလုပ်အပ်သည့်နေ့မှစ၍ ၃ လကျော်သည့်တိုင် google first page, baidu first page, yahoo first page အစရှိသည့် search engine first page တွင် မရောက်ရှိပါက စုစုပေါင်းကျသင့်ငွေ၏ ၈၀% ကို ကျွန်ုပ်မှ ပြန်အမ်းပေးပါမည်။

Refund

Within 3 months, if your website is not included in the first page, I will refund 80 percent.

မှတ်ချက်။ ။တခြားမည်သည့်အကြောင်းကြောင့်မှ ငွေပြန်အမ်းမည် မဟုတ်ပါ။

Remark => No Refund for any reason.

Freelance Web Service
(+95) 09795255283