ကိုယ်ပိုင် Website ဘာကြောင့် ရှိသင့်သလဲ
သင့်မှာ ကိုယ်ပိုင် Website ရှိခြင်းဖြင့် နိုင်ငံရပ်ခြား သို့မဟုတ် နယ်မှ သင့် Customer များ သင့်ရဲ့ အင်တာနက်ရုံးခန်းသို့ ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ website ပြုလုပ်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။
1. ဈေးနှုန်းသက်သာခြင်း
ကုန်ကျစရိတ် များသော ပုံနှိပ် မီဒီယာများတွင် အတိုချုံး ရေးသားခြင်းဖြင့် ပုံနှိပ်ခနှင့် စာရွက်ဖိုး သက်သာစေပါတယ်။ ထိုစာရွက်ပေါ်တွင် မိမိတို့၏ Website လိပ်စာကို ထည့်သွင်း ပေးပါက ဝယ်ယူသူများမှ အသေးစိတ်အချက်အလက်များကို သင်၏ Website တွင် လာ ရောက် လေ့လာနိုင်သောကြောင့် သင်၏ သတင်းစာ မဂ္ဂဇင်း လမ်းညွှန်စာအုပ် အစရှိသည်တို့တွင် ကြေငြာsize ချုပ်နိုင်ပြီး သင်၏ကြေငြာခကို သက်သာစေပါတယ်။ Website တွင်လည်း သင်၏လုပ်ငန်းထုတ်ကုန်နှင့် ၀န်ဆောင်မှုအကြောင်းကို အကျယ်တ၀င့်ဖော်ပြနိုင်ပါတယ်။
2. ဈေးကွက် ချဲ့ ထွင်နိုင်ခြင်း
သင်၏ Website မှတဆင့် အခြားရင်းနှီးမြုပ်နှံသူများအား သင့်ကုမ္ပဏီ၏ သတင်းအချက်အလက်များ အောင်မြင်မှုများနှင့် ဆက်လက်ရရှိနိုင်သည့် အောင်မြင်မှုများကို အသိပေးခြင်းဖြင့် ပူပေါင်းဆောင်ရွက်မှု ပြုလုပ်လာနိုင်ရန် ဆွဲဆောင်နိုင်ပါတယ်။ မြန်မာနိုင်ငံတွင်းသာမက နိုင်ငံ ခြားနှင့်ပါ လုပ်ငန်းများကို ဆက်သွယ် လက်ခံ ဆောင်ရွက် နိုင်ပါတယ်။
3. တစ်နေ့ ၂၄ နာရီ – တစ်ပတ် ၇ ရက် – တစ်နှစ် ၃၆၅ ရက်(အချိန်ပြည့်ဝန်ဆောင်မှု)
ကိုယ်ပိုင် Website ရှိခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းသည် ပိတ်ချိန်မရှိ ၂၄ နာရီ တစ်ပတ် ၃၆၅ ရက် လုံးလုံး လည်ပတ်နေနိုင်မှာ ဖြစ်ပါတယ်။ သင့်ကို ဆက်သွယ်လိုသူများအတွက် အကျိုး အများကြီး ရှိစေပါတယ်။
4. အဆင်ပြေမှု ပေးစွမ်းနိုင်ခြင်း
Customer များအနေဖြင့် သင်၏ product and service အချက်အလက်များကို သိရှိနိုင်ရန် Customer များအား website လိပ်စာပေးထားခြင်းဖြင့် website ထဲသို့ အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
5. ယုံကြည်မှု ပိုမိုရရှိခြင်း
ကိုယ်ပိုင် Website ရှိခြင်းသည် အခြားသူများအား သင့်အကြာင်းကို ပိုမိုသိရှိစေနိုင်ရန်နှင့် သင့်အပေါ် ယုံကြည်စိတ်ချမှုများပိုမိုတိုးပွားလာစေနိုင်ရန် အကူအညီပေးပါတယ်။ Customer တွေရဲ့ ယုံကြည်မှုကို ရယူရန် Website ကို ပြုလုပ်သင့်ပါတယ်။သင်၏ Visiting Card တွင်လည်း သင့်ကိုယ်ပိုင် Website Address ကို ထည့်ထားခြင်းဖြင့် သင့်လုပ်ငန်းအပေါ် ယုံကြည်မှုကို ရယူနိုင်ပါတယ်။
6. Website ပြုလုပ်ပြီး နောက်ပိုင်း ထိုwebsite အား လူအများ သိရှိရန် ပြုလုပ်နိုင်ခြင်း
- social media ဖြင့်ကြေငြာနိုင်ခြင်း
- search engine first page ဖြင့် ကြေငြာနိုင်ခြင်း
- သတင်းစာ မဂ္ဂဇင်း လမ်းညွှန်စာအုပ် အစရှိသည်တို့တွင် ကြေငြာထည့်ပါက website link ပါထည့်သွင်းကြေငြာနိုင်ခြင်း
- လက်ကမ်းစာစောင် name card signboard ထုပ်ပိုးသည့်အိတ် ကား အစရှိသည့် လုပ်ငန်းနှင့် သက်ဆိုင်သောနေရာများတွင် website လိပ်စာကို ထည့်သွင်းဖော်ပြခြင်း စသည်တို့ဖြင့် လူကြီးမင်းတို့ website ကို customer များပိုမိုသိရှိအောင်ပြုလုပ်နိုင်ပါသည်။
ထို့ကြောင့် လူကြီးမင်းတို့၏ လုပ်ငန်းအတွက် အကျိုးရှိသော website ကို ပြုလုပ်ပေးရန် Freelance Web Service မှ အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။ ကျေးဇူးတင်ပါသည်။
Freelance Web Service
Ph. (+95) 09795255283